ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဟို့စ်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့လယ် Whitehall ဟိုတယ်ရှိ မြေအောက် လျှပ်စစ်ဆိုင်ရာ အခန်းတွင် နိုဝင်ဘာလ ၁၀ ရက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဟို့စ်တန် မီးသတ်ဋ္ဌာန (HFD) ထံမှ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ အကြောင်း ရေးသားထားသည့် မှတ်စုစာတမ်းများ နှင့် စာအုပ်ပေါင်း ၇၁.၇သန်း ကို နိုဝင်ဘာ ၁၀ ရက်မှ စ၍ ထုတ်ဝေရောင်းချနိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သုံးလအတွင်း ၈၆ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားစဉ် နေရပ်စွန့်ခွာကာ အခြားကျေးရွာများသို့ သွားရောက်နေထိုင်သော မွတ်ဆလင် လူမျိုး ၁၄၁ဦးအား ၎င်းတို့နေထိုင်ရာ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။