Connect with us

Europe

၂၀၃၀ပြည့်နှစ်တွင် ရာသီဥတုနှင့် ဆက်စပ်သော လူသားချင်းစာနာထောက်ပံ့မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၀ဘီလီယံအထိ ရှိလာနိုင်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့အစည်းများ (IFRC) အစီရင်ခံစာ ထုတ်ဝေမှု အခမ်းအနားအားတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရာသီဥတုနှင့် ဆက်စပ်သောလူသားချင်းစာနာထောက်ထားမှု အကူညီများသည် နှစ်စဉ်နှစ်တိုင်း လိုအပ်နေပြီး ၂၀၅၀ပြည့်နှစ်တွင် နှစ်ဆပိုမိုလိုအပ်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့အစည်း (IFRC)များက အသစ်ထုတ်ပြန်သော အစီရင်ခံအရ သိရသည်။

မုန်တိုင်းများ၊ မိုးခေါင်ခြင်းများ၊ ရေကြီးခြင်းများ၏ ရလဒ်ကြောင့် လူသားချင်စာနာထောက်ထားမှု အကူအညီလိုအပ်နေသူများ၏ အရေအတွက်သည် ယနေ့ ခန့်မှန်းခြေ ၁၀၈ သန်းနှင့် နှိုင်းယှဉ်လျှင် နှစ်စဉ် သန်း ၂၀၀နီးပါး တိုးတက်နေကြောင်း စက်တင်ဘာ ၁၉ ရက်ကထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာသီဥတုနှင့် ဆက်စပ်သော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး တန်ဖိုးသည် ၂၀၃၀ ပြည့်နှစ် တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရှိလာနိုင်ကြောင်း၊ အကူအညီလိုအပ်သည့် လူဦးရေမြင့်တက်လာမှုသည် ကြီးမားသော ငွေရေးကြေးရေးဆိုင်ရာဖြစ်ပေါ်လာနိုင်ကြောင်း ကြုံပြုထားသည်ဟု သိရသည်။

ရာသီဥတုနှင့် ဆက်စပ်သော ဘေးအန္တရာယ်များ တိုးလာနေလျှင် အလှူရှင်များနှင့် အကူအညီပေးရေး အေဂျင်စီများ ရှာဖွေရန် အားစိုက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုလှုပ်ရှားမှု ထိပ်သီးအစည်းဝေးတွင် IFRC ဥက္ကဋ္ဌ Francesco Roccaက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.