Connect with us

Asia

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးတွဲထုတ်လုပ်ထားသော ပထမဆုံး ရုပ်ရှင်အား လာအိုတွင် ရုံတင်ပြသ

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးတွဲထုတ်လုပ်သော “Champa Blossoms” ရုပ်ရှင် ပွဲဦးထွက်ပြသခြင်း အခမ်းအနားတွင် ပါဝင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးတွဲထုတ်လုပ်သော “Champa Blossoms” ရုပ်ရှင်အား စက်တင်ဘာလ ၁၉ ရက်ကစ၍ လာအိုနိုင်ငံတစ်ဝန်း ပြသနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်စတင်ပြသခြင်း အခမ်းအနားအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် စက်တင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့သည်။

ထို ရုပ်ရှင်ဇာတ်ကားသည် လာအိုနှင့် တရုတ် ချစ်ကြည်ရေး၊ ၂၀၁၉ ခုနှစ် လာအိုနှင့် တရုတ် ခရီးသွားနှစ် အခမ်းအနားကျင်းပရန် ကြီးမားသော ဝမ်းမြောက်မှုတစ်ခု ဖြစ်ကြောင်း လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအောက်ရှိ ရုပ်ရှင်ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗီသွန် ဆောင်ဒါရာ (Vithoun Soundara) က စက်တင်ဘာလ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

အဆိုပါ ရုပ်ရှင်က လာအိုနှင့် တရုတ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးကို ပြသလျက်ရှိကြောင်း၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးမှု၏ သမိုင်းကြောင်းဆိုင်ရာ အရေးပါမှုအား ရှင်းပြလျက်ရှိကြောင်းနှင့် လာအိုနိုင်ငံ၏ လှပသော၊ နှစ်လိုဖွယ်ကောင်းသော သဘာဝတရားနှင့် သမိုင်းနှင့်ဆိုင်သော ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း သဘာဝရှုခင်းအား ပရိသတ်များထံ တင်ဆက်ပြသလိုက်ခြင်း ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောခဲ့သည်။

၂၀၁၆ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့သည့် “Champa Blossoms” ရုပ်ရှင်တွင် တရုတ်နှင့် လာအို မင်းသား၊ မင်းသမီးများက ပူးတွဲ သရုပ်ဆောင်ထားပြီး လာအိုနှင့် တရုတ်နိုင်ငံသားများအကြား လှပသော မေတ္တာဖွဲ့ ဇာတ်လမ်းများအား ပြောပြထားသလို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများနှင့် ထိုနိုင်ငံများရှိ ရှုမျှော်ခင်းများနှင့် ယဉ်ကျေးမှု သွင်ပြင်များအား ထည့်သွင်းပြသထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.