တိဘက်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Baina ကျေးရွာတွင် Ongkor ပွဲတော်ဟု ခေါ်ဝေါ်သည့် ကောက်ရိတ်သိမ်းပွဲတော် ကိုကျင်းပပြုလုပ်လျက်သည်။ ကောက်ရိတ်သိမ်းပွဲတော်အထိမ်းအမှတ်အဖြစ် လယ်သမားများက လယ်ကွင်းများတွင် ကခုန်သီဆို ကာ ဆင်နွှဲခဲ့ကြသည်။(Xinhua)
ဟေပေ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေပြည်နယ် Taihang တောင်ခြေတွင် ပွင့်လန်းလှပနေသည့် ပန်းမာန်များ၏ ရှုမောဖွယ်မြင်ကွင်းကို ဆင်ဟွာသတင်းဋ္ဌာနက ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန့်ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ရီယတ်ဒ် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွန်ပီယို နှင့် ဆော်ဒီအာရေဗျနိုင်ငံအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်(Mohammed bin Salman) တို့သည် ဆော်ဒီနိုင်ငံ ဂျတ်ဒါး(Jeddah) ၌ စက်တင်ဘာ ၁၈ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဂျေရုစလင်မ်၊စက်တင်ဘာလ ၁၈(ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ထိုညတွင် ဆန္ဒမဲအားလုံး၏ ၉၅ ရာခိုင်နှုန်း ရေတွက်ပြီးစီးခဲ့သည်တွင် ရွေးကောက်ပွဲရလဒ်ကြောင့်အစ္စရေးနိုင်ငံ၏ အဓိကနိုင်ငံရေးအင်အားစုကြီးနှစ်ရပ်မှာ ရှေ့မတိုးသာနောက်မဆုတ်သာ အကျပ်အတည်းအခြေအနေ နှင့်ကြုံတွေ့နေကြရကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၈ ရက်ညတွင်ပြော ကြားခဲ့သည်။