နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အသက် ၇၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံ၏ ဂန္တဝင်မင်းသားကြီး နှင့် ဝါရင့် နာမည်ကျော် ဘောလီးဝုဒ် သရုပ်ဆောင် ရှာရှီကာပူး(Shashi Kapoor) သည် ဒီဇင်ဘာ ၄ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းမိသားစုဝင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် အငှားယာဉ်များအတွက် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရန်အတွက် စည်းမျဉ်း၊စည်းကမ်းများနှင့် နည်းဥပဒေများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA (အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့) တို့မှပေါင်းစပ်ပြီး ရေးဆွဲဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဝူးကျိန့်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ဝူးကျိန့်( Wuzhen) မြို့၌ ၄ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် Wuxi ရှိ တရုတ်နိုင်ငံ အမျိုးသား...
ကျင်းဟိုင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျင်းဟိုင်-တိဘက်ဒေသတွင် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားများဖြစ်သည့် AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်၊ XM20 multi-rotor အမျိုးအစားမောင်းသူမဲ့ယာဉ်ပျံငယ် စသည့်ယာဉ်များကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် ကို ပင်လယ်ရေမျက်နှာမြင်အထက် အမြင့်ပေ ၄၃ဝဝ မီတာတွင် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်...
ကာဆင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကာဆင်တွင် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို နိုဝင်ဘာလ၂၉ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ(CPEC) ၏ အဓိက ကျသော စွမ်းအင်ထုတ်ယူသုံးစွဲနိုင်မှုဆိုင်ရာဒုတိယမြောက်စီမံကိန်းလည်းဖြစ်သည်။ ထိုစက်ရုံမှ တစ်ဆင့် ပါကစ္စတန် ပြည်သူများအား လျှပ်စစ်စွမ်းအင်ကို ဈေးသက်သာစွာဖြန့်ဖြူးနိုင်တော့မည်ဖြစ်သည်။ ၎င်းမှာ တရုတ်နှင့်...