Connect with us

Asia

ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ဆက်ဆံရေးခိုင်မာရန် သဘောတူ

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက် (ယာ) နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် သုန်လုံစစ်စီလစ်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်ကျန်းဖက် (Nguyen Xuan Phuc) နှင့် ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်နေသည့် လာအိုနိုင်ငံ ဝန်ကြီးချုပ် သုန်လုံစစ်စီလစ် (Thongloun Sisoulith) တို့သည် ရာထူးအဆင့်အားလုံး ချစ်ကြည်ရေးခရီးစဉ်များ လွယ်ကူချောမွေ့ရေး၊  လူမှူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မျှဝေမှုအတွေ့အကြုံ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအစိုးရအဖွဲ့များ ဆက်ဆံရေးတိုးချဲ့ရေးများအတွက် သဘောတူခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်စပ်တရားဝင်သဘောတူညီချက်များ ဆက်လက်အကောင်အထည်ဖော်ရန် ကတိပြုခဲ့ပြီး နည်းလမ်းနှစ်သွယ်ကုန်သွယ်မှုအား နှစ်စဉ် ၁၀ မှ ၁၅ ရာခိုင်နှုန်း မြင့်တက်ရန် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တွေ့ဆုံဆွေးနွေးပြီးနောက် ခေါင်းဆောင်နှစ်ဦး၏ ရှေ့မှောက်တွင် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်နှင့် လေကြောင်းဆိုင်ရာ နယ်ပယ်များ၌  သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြီးမားသော ချစ်ကြည်ရင်းနှီးမှု၊ အထူးစည်းလုံးညီညွတ်မှုနှင့် အခြေအနေသစ်တွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗီယက်နမ်-လာအို ဆက်ဆံရေး ခိုင်မာမှု ကြေညာစာတမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင်ပင် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတ ငုယင်ဖူထရုန် (Nguyen Phu Trong) နှင့် လာအို ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117