Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏အွန်လိုင်းပညာရေးဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ရန်ရှိ

တရုတ်နိုင်ငံရှိ ကလေးငယ်တစ်ချို့ပညာသင်ကြားနေစဉ်

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ အွန်လိုင်းပညာရေး ကဏ္ဍ တွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်း၍ အားထုတကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန နှင့် အခြားအာဏာပိုင်များမှ ပူးတွဲထုတ်ပြန်သည့် စာရွက်စာတမ်း အထောက်အထားများအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အွန်လိုင်းပညာရေးကဏ္ဍ တွင် အင်တာနက်အပါအဝင် ကြီးမားသည့်အချက်အလက် နှင့် အသိဉာဏ်တု တို့အပါအဝင် တရုတ်ခေတ်မီပြန်ကြားဆက်သွယ်ရေးနည်းပညာအသုံးပြုမှုအား  မြှင့်တင်ရန် ရှိကြောင်း အဆိုပါစာရွက်စာတမ်းအရ သိရသည်၊၊

အထူးအွန်လိုင်းပညာရေးကွန်ယက် အားလျင်မြန်စွာတည်ဆောက်နိုင်ပါက ၂၀၂၂ ခုနှစ်တွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်နှုန်းမြင့်တည်ငြိမ်သည့် အင်တာနက်ဝန်ဆောင်မှု အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းစာရွက်စာတမ်းကဆိုသည်၊၊

အွန်လိုင်းပညာရေး ကဏ္ဍ တွင် သတင်းအချက်အလက်မျှဝေခြင်း နှင့် သုံးစွဲသူအခွင့်အရေး နှင့် ပတ်သက်၍လည်း အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်၊၊ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117