ဆိုချီ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပလျက်ရှိသည့် လွတ်လပ်သောဓနသဟာယနိုင်ငံများညီလာခံတွင် တာ့ခ်မန်နစ္စတန်သမ္မတ မှ သမ္မတပူတင်အား ၆၅ နှစ်ပြည့်မွေးနေ့လက်ဆောင် ခွေးငယ်လေးတစ်ကောင်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ခွေးလေးအား “သစ္စာ” ဟု အမည်ပေးထားပြီးသိုးထိန်းခွေးအမျိုးအစား ဖြစ်သည်။ ရုရှားသမ္မတပူတင်မှာ Akita အမျိုးအစား Yume ဟုအမည်ရသည့်...
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် ရေခဲခွဲဖြတ်စက် Xuelong2 ကို စမ်းသပ်အသုံးပြုခဲ့ကြောင်းသိရသည်။ ၎င်းမှာ ရေခဲတန်ချိန်ပေါင်း ၁၃၉၉ဝ တန် ကို နေရာရွှေ့ပြောင်းနိုင်ပြီး ရေကြောင်းခရီးမိုင်ပေါင်း ၂ဝဝဝဝ အထိ သယ်ဆောင်သွားလာနိုင်သည်။ ၎င်းကိုဝင်ရိုးစွန်းရှိရေခဲတုံးများကိုခွဲဖြတ်နိုင်ရန်စီစဉ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၂ဝ၁၉ ခုနှစ်တွင် အသုံးပြုနိုင်တော့မည်ဟုသိရသည်။(Xinhua)
ပေကျင်း၊ အောက်တိုဘာ ၂ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများနှစ်ခြိုက်စွာနေထိုင်ကြသည့် အကြောင်းရင်း ၃ချက် မှာ အချိန်မရွေးလုံခြုံစိတ်ချမှုရှိခြင်း၊ သက်တောင့်သက်သာသွားလာဝယ်ယူနိုင်ခြင်း၊ ဒေသခံများက ဖော်ရွေပျူငှာမှုရှိခြင်းတို့ပင်ဖြစ်ကြောင်းဆိုသည်။ နိုင်ငံခြားသားများက တရုတ်နိုင်ငံနှင့်ပတ်သက်၍၎င်းတို့၏ နှစ်ခြိုက်သဘောကျသည့်ခံစားချက်များကို ဆင်ဟွာသတင်းဋ္ဌာနကို ယခုကဲ့သို့ပြောပြခဲ့ပါသည်။ (Xinhua)
ဒါဝင်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂ နှစ်လျင်တကြိမ်ကျင်းပလျက်ရှိသည့် ဆိုလာကားပြိုင်ပွဲ ကို သြစတြေးလျ ရှိ ဒါဝင် တွင်အောက်တိုဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည်။ ဆိုလာကားထုတ်လုပ်ခြင်းနှစ် ၃ဝ ပြည့်အထိမ်းအမှတ်လည်းဖြစ်သည့်အဆိုပါ ပွဲကို တစ်ကမ္ဘာလုံးရှိ ဆိုလာကားပြိုင်ပွဲဝင်သူစုစုပေါင်း ၃၈ ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြ ပြီး...