ပရာ့ဂ် ၊ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချက်နိုင်ငံဝန်ကြီးချုပ် အန်ဒရီဂျ်ဘာဘီစ် (Andrej Babis ) အားမတ်လ တွင် အမေရိကန်နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ချက်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စတီဖင်န်ကင် (Stephen King) က ဖော်ဖော်ဝါရီလ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ ၏ နေရာတစ်ခုတွင် အဆောက်အအုံမီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၆၉ဦးအထိ မြင့်တက်လာခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီးသတ်ဌာနတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နှင့်အတူ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မကြာမီပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတွင် အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က အမေရိကန် ဒေါ်လာ ၁၈၂သန်းကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခုအား ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) အစည်းအဝေးထံမှ သိရသည်။
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ Hongqiao ရထားဘူတာရုံအတွင်း ယခုနှစ်အတွင်း 5 G ကွန်ရက်နည်းပညာ ကို ထောက်ပံ့ပေးတော့မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်ကို China Mobile Shanghai နှင့် Huawei တို့က ပူးတွဲကြေညာခဲ့ခြင်းဖြစ်သည်။ 5G...