Connect with us

International Organizations

BRICS ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာဆက်ဆံရေး ပုံစံသစ် စံနမူနာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင် ၅ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်၏ နမူနာတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၅ နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအရ BRICS ပူးပေါင်းဆောင်ရွက်မှုက စဉ်ဆက်မပြတ် တိုးတက်မှုနှင့်အတူ စည်းလုံးမှု တိုးတက်လျက်ရှိကြောင်း ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးနှင့် ယှဉ်လျက်ပြုလုပ်သော BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာ၌ ဝမ်ရိက ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

BRICS ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာ ရှုပ်ထွေးမှုတွင် တည်ငြိမ်မှုအနေဖြင့်ရော နိုင်ငံတကာ ဆက်ဆံရေး၏ ပုံစံသစ် စံနမူနာအဖြစ်ပါ လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံများ ဖြစ်ကြသည်။

BRICS အဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိ ဦးစားပေးချက်မှာ BRICS ထိပ်သီးအစည်းအဝေးအား ဘရာဇီးနိုင်ငံ၊ ဘရာဇီလီယာမြို့တွင် နိုဝင်ဘာလ၌ ကျင်းပရန်အတွက် ပြင်ဆင်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.