မော်စကို၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၏ မြို့လယ်ခေါင် Nevskyလမ်းမကြီးတွင် ဖေဖော်ဝါရီ ၂၄ ရက်က မော်တော်ယာဉ်လူသွားလမ်း ဝင်တိုးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမှုခင်းကြိုတင်ကာကွယ်တားဆီးရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယနေ့ တတိယအကြိမ် မြန်မာ-ဗီယက်နမ် လုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးအပြီး နှစ်နိုင်ငံ ဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) တူရကီလွှတ်တော်သည် လာမည့် ဒေသဆိုင်ရာရွေးကောက်ပွဲတွင် မြို့တော်ဝန်လောင်းအဖြစ်ရွေး ချယ်ခံထားရသည့် Binali Yildirimနေရာတွင် အာဏာရပါတီ AKP မှ ဥပဒေပြုအမတ် Mustafa Sentop အားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဝင်ခနီးကျေးရွာအနီး ရေထိန်းတံခါး တည်ဆောက်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေလျာထားစာရင်းတွင် ထည့်သွင်း ရေးဆွဲ တင်ပြထားပြီး ရန်ပုံငွေရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးအား ယနေ့တွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။ NLD ဒုတိယ ဗဟို ကော်မတီ ဒုတိယ...