Connect with us

International Organizations

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်စဉ် စက်တင်ဘာ ၂၅ ရက်က အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  Luigi Di Maio နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယခုနှစ် မတ်လတွင် သမ္မတ ရှီကျင့်ဖိန် အီတလီနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် အရေးကြီး သဘောတူညီချက်များ အဆက်မပြတ်အကောင်အထည်ဖော်လာပြီဖြစ်ကြောင်း ၊လာမည့်နှစ်သည် တရုတ်-အီတလီ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၅၀ ပြည့်ဖြစ်ရာ ယခင်ကာလများအတွက်သော်လည်းကောင်း၊အနာဂတ်အလားအလာအတွက်သော်လည်းကောင်း အရေးပါသည့်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အီတလီအစိုးရနှင့် ချိတ်ဆက်ကာ အဆင့်မြင့်အရာရှိ ဖလှယ်ရေးများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ခိုင်မာအောင်တည်ဆောက်သွားကာ နှစ်ဖက်ဆက်ဆံရေး အောင်မြင်မှုသစ်များရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ လက်တွဲတည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကာ Third Party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ(China International Import Expo= CIIE)တွင် အဓိကဧည့်သည်တော်နိုင်ငံ အနေဖြင့် ပါဝင်ပြသမည့်အခွင့်အလမ်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာဖော်ထုတ်သွား ပြီး လူမှုယဉ်ကျေးမှုနှင့်ဒေသဆိုင်ရာ ဖလှယ်ရေးများကို ကျယ်ပြန့်စွာဆောင်ရွက်သွားကာ နှစ်နိုင်ငံဆက်ဆံရေးကို သွေးသစ်လောင်းကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာဒေသရေးရာကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများကို တိုးမြှင့် ဆောင်ရွက်သွားကာ ဘက်ပေါင်းစုံဝါဒနှင့်လွတ်လပ်သောကုန်သွယ်ရေးကို အတူကာကွယ်ထိန်းသိမ်း သွားလိုကြောင်း ၊ တရုတ်-ဥရောပဆက်ဆံရေးတွင်လည်း အီတလီနိုင်ငံအနေဖြင့် ဆက်လက် တွန်းအားပေးဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ 

အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  Luigi Di Maioကလည်း နှစ်နိုင်ငံဆက်ဆံရေး တည်ထောင်သည့် နှစ် ၅၀ ပြည့် လာမည့်နှစ်တွင် ကုန်သွယ်စီးပွား၊ တီထွင်ဖန်တီးမှု၊ နည်းပညာ၊ အခြေခံအဆောက်အဦ စသည့် ကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားကာ အီတလီ-တရုတ် ခရီးသွားနှစ်အဖြစ် အတူဆောင်ရွက်သွားလိုကြောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံအတူ ချုပ်ဆိုထား သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း နားလည်မှုစာချွန်လွှာမှာ ပဏာမခြေလှမ်းတစ်ခုသာဖြစ်ပြီး အီတလီနိုင်ငံအနေဖြင့် လက်တွေ့အကောင်အထည်ဖော်မှုများကို ရှေ့ဆက်မပြတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန်ပြပွဲ(China International Import Expo= CIIE)တွင် အဓိက ဧည့်သည်တော်နိုင်ငံအနေဖြင့် ပါဝင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အီတလီအနေဖြင့် ဆက်လက် ခိုင်မာစွာအားပေးထောက်ခံသွားမည်ဖြစ်ပြီး ဥရောပ-တရုတ် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.