ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ သီတင်းကျွတ် လပြည့်နေ့တွင် မိုးရွာသွန်းနေသည့် ကြားကပင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ စည်ကားစွာ လာရောက် ဖူးမြော်လျက် ရှိပါတယ်။ (Xinhua)
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် နောက်(၂)ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၁၆/၁-၀ တွင် ယနေ့ အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ကျိုက်ထီးရိုးဘုရားဖူးယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်၍ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။