Connect with us

Asia

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀,၀၀၀၀န်းကျင်ခန့်ရှိ

ဘင်္ဂလားဒေရှ့်၌သွေးလွန်တုပ်ကွေးဖြစ်ပွားသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေရှ့်နိုင်ငံ၌ သြဂုတ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၁,၅၃၈ဦးရှိခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူစုစုပေါင်း အရေအတွက်သည် ၄၉,၉၉၉ ဦးထိ ရှိလာကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင်း ဘင်္ဂလားဒေရှ့်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀,၁၄၈ ဦးတွင် ၂၆ ဦးသေဆုံးပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၆ ရက်ထိ ရောဂါဖြစ်ပွားသူ ၄၉,၉၉၉ဦးရှိကာ ၄၀ ဦးသေဆုံးခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူသည် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးလုပ်ငန်းများညွှန်ကြားရေးမှူးချုပ်ရုံး(DGHS)က ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁,၇၁၉ ဦးတွင် ဒါကာမြို့မှ ၇၅၉ ဦးပါဝင်ကြောင်း DGHS၏ သြဂုတ် ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီ ထုတ်ပြန်ချက်အရ သိရသည်။၂၀၀၀ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခြင်မှတစ်ဆင့် ပျံ့နှံ့လာသော ဗိုင်းရပ်ကူးစက်မှုကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့ရသည်။၂၀၀၀-၂၀၀၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ ၁၀၀ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)