နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဇီးကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးဉာဏ်ထွန်း (ယခင် အငြိမ်းစား ဒုတိယ သမ္မတ) က တင်သွင်းသည့် “OIC, EU, UNHCR တို့၏ ဆုံးဖြတ်ချက်အား မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အာကာသတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေကြမ်းတစ်ခု တိုက်ရိုက်ရေးဆွဲရေး အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပရာ့ဂ် ၊ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချက်နိုင်ငံဝန်ကြီးချုပ် အန်ဒရီဂျ်ဘာဘီစ် (Andrej Babis ) အားမတ်လ တွင် အမေရိကန်နိုင်ငံ သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ချက်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စတီဖင်န်ကင် (Stephen King) က ဖော်ဖော်ဝါရီလ ၂၀ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ ၏ နေရာတစ်ခုတွင် အဆောက်အအုံမီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၆၉ဦးအထိ မြင့်တက်လာခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီးသတ်ဌာနတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နှင့်အတူ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မကြာမီပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲတွင် အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။