Connect with us

Local

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၈၁၃ တွဲကို တန်ဖိုး ယူရို ၇၁ ဒသမ ၂၄၂ သန်းဖြင့် ရောင်းချခဲ့

၂၀၁၉ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ကျင်းပမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဆဋ္ဌမနေ့ဖြစ်သည့် စက်တင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲပေါင်း ၈၁၃ တွဲကို တန်ဖိုး ယူရိုငွေ ၇၁ ဒသမ ၂၄၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းထံမှ သိရသည်။

နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပလျက် ရှိရာ ပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၁,၃၀၀ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲ ၈၁၃ တွဲကို တန်ဖိုး ယူရို ၇၁ ဒသမ ၂၄၂ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ၊ ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ (၄၈၁)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ အတွဲပေါင်း ၄၀ တွဲကို တန်ဖိုး ယူရို ၀ ဒသမ ၃၇၈ သန်းဖြင့် လည်းကောင်း ၊ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၁,၃၁၁ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ အတွဲပေါင်း ၁,၀၉၁ တွဲကို တန်ဖိုးယူရို ၄၁ ဒသမ ၂၄၆ သန်းဖြင့် လည်းကောင်း အသီးသီး ရောင်းချခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက် အတွဲပေါင်း ၄၈၁ တွဲ ၊ ကျောက်စိမ်း အတွဲပေါင်း ၇,၈၁၁ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ရတနာ ကုမ္ပဏီ ၃,၀၇၀ တို့မှ ရတနာကုန်သည် စုစုပေါင်း ၄,၅၅၈ ဦးတို့ပြပွဲသို့တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117