Connect with us

Europe

အကြမ်းဖက်ဆန္ဒပြသူ တစ်ရာကျော်အား ပြင်သစ်နိုင်ငံ ပါရီမြို့ရဲတပ်ဖွဲ့က ဖမ်းဆီး


ပါရီ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

စက်တင်ဘာ ၂၁ ရက်၌ပြုလုပ်သည့် အဝါရောင် ရောင်ပြန်အကျီ ၤဝတ်ဆန္ဒပြလှုပ်ရှားမှု(Yellow vest)တွင် ဖမ်းဆီးထားသော အကြမ်းဖက်ဆန္ဒပြသူ အရေအတွက်မှာ ၁၆၄ ဦး ရှိပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ပါရီမြို့ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ကြေညာခဲ့သည်။ ပါရီမြို့ ဥပဒေရုံးက အချင်းဖြစ်ညတွင် ဖမ်းဆီးထားသူများအနက် လူ ၁၂၀ ကို အချုပ်သွင်းထိန်းသိမ်းထားကြောင်း ကြေညာခဲ့သည်။

ရဲတပ်ဖွဲ့၏ စည်းကမ်းထိန်းသိမ်းမှုဆောင်ရွက်ချက်များကို ကျေးဇူးတင်ရှိကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Christophe Castaner က ယင်းနေ့ညပိုင်းတွင် ၎င်း၏လူမှုမီဒီယာ၌ ရေးသားခဲ့သည်။ “အကြမ်းဖက်လုပ်ဆောင်သူတွေကို ဖမ်းဆီးခဲ့ပြီး ဖျက်ဆီးမှုလုပ်ရပ်တွေကို တားဆီးလိုက်တယ်”ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၌ စက်တင်ဘာ ၂၁ ရက်က Yellow vest လှုပ်ရှားမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့်ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

သတင်းများအရ အချင်းဖြစ်ပွားသောနေ့တွင် ပါရီရဲတပ်ဖွဲ့က ရဲအင်အား ၇,၀၀၀ ကျော် ဖြန့်ကျက်ထားကြောင်းသိရသည်။ ရဲတပ်ဖွဲ့ဝင်များအပြင် မီးသတ်အဖွဲ့ကလည်း အထူးအစီအမံများဆောင်ရွက်ထားကြောင်း ၊ မီးအန္တရာယ်ကို အချိန်မီကယ်ဆယ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များကို မော်တော်ဆိုင်ကယ်နှင့် မီးသတ်ဗူးများပေးထားကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်တွင် ပြင်သစ်နိုင်ငံ၌ ၄၅ ကြိမ်မြောက် အဝါရောင် ရောင်ပြန်အကျီ ၤဝတ် ဆန္ဒပြ လှုပ်ရှားမှု (Yellow vest) ဖြစ်ပွားခဲ့သလို ပါရီမြို့နေရာအနှံ့တွင်လည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ အချို့ အကြမ်းဖက်သူများက ဆန္ဒပြလူအုပ်အတွင်းသို့ ရောနှောဝင်ရောက်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ လုပ်ဆောင်ရန် ကြိုးစားခဲ့ရာ ရဲတပ်ဖွဲ့က ထိန်းသိမ်းမှုများ လုပ်ဆောင်ရာတွင် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ပထမအကြိမ် အဝါရောင် ရောင်ပြန်အကျီ ၤဝတ် ဆန္ဒပြ လှုပ်ရှားမှု (Yellow vest)ဖြစ်ပွားရာမှစ၍ အကြမ်းဖက်ဖျက်ဆီးမှုများအကြိမ်ပေါင်းများစွာ ဖြစ်ပွားရာ ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူလူအုပ်အကြား ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ Yellow vest ဆန္ဒပြမှုတွင် အကြမ်းဖက်ဖျက်ဆီးသူများကို ပြင်သစ်ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ဖမ်းဆီးခဲ့ကြောင်း နှင့် ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့်စရင်းများအရ Yellow vestလှုပ်ရှားမှုတွင် ရဲတပ်ဖွဲက ဖမ်းဆီးထိန်းသိမ်းထားသူ တစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117