မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့(FSB) က မြောက်ကော့ကေးဆပ်စ်ဒေသမြို့တော် Neyinnomyssk မြို့ ၌ မေလ ၄ ရက်တွင် ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမားအဖြစ် သံသယရှိသူ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားလုံခြုံရေးအေဂျင်စီက ဆိုသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ ဝန်ထမ်းများ၊ ပြည်သူလူထုများအတွက် အဟန့်အတား ဖြစ်စေသည့် ကန့်သတ်ချက်များ မလိုလားအပ်သည့် ကန့်သတ်ချက်များကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ယနေ့ နေ့လယ် ၁၃း၄၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၈)ရပ်ကွက်နှင့် (၉)ရပ်ကွက်ရှိ အင်းစိန်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။