Connect with us

Europe

တူရကီ နိုင်ငံ လေတပ် က S-400 လေကြောင်း ကာကွယ်ရေး စနစ် နှင့် ပတ်သက်သည့် လေ့ကျင့်မှု အား စတင် တက်ရောက်

ရုရှား နိုင်ငံ တီထွင်ထုတ်လုပ်သည့် S-400 လေကြောင်း ကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ စက်တင်ဘာ ၄ ရက် ထုတ်ပြန်ကြေညာချက် အရ တူရကီ နိုင်ငံ လေတပ် တပ်ဖွဲ့ဝင် များ က ရုရှား နိုင်ငံ တီထွင်ထုတ်လုပ်သည့် S-400 လေကြောင်း ကာကွယ်ရေး စနစ် နှင့် ပတ်သက်သည့် လေ့ကျင့်မှုများ အား စတင် တက်ရောက် နေပြီ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထုတ်ပြန်ကြေညာချက်တွင် S-400 လေကြောင်း ကာကွယ်ရေး စနစ် နှင့် ပတ်သက်သည့် လေ့ကျင့်မှုများ အား ရုရှား နိုင်ငံ Gatchina မြို့ တွင် ပြုလုပ်သွားမည် ဖြစ်ပြီး တူရကီ နိုင်ငံ လေတပ် တပ်ဖွဲ့ဝင် များ က ပါဝင် တက်ရောက်လေ့လာသွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

တူရကီ နိုင်ငံ ကာကွယ်ရေး စက်မှုဌာန တာဝန်ရှိသူ တစ်ဦး က ပထမ နှင့် ဒုတိယ အသုတ် S-400 လေကြောင်း ကာကွယ်ရေး စနစ် နှင့် သက်ဆိုင်သည့် ပစ္စည်းများ လွှဲပြောင်း လက်ခံခြင်း လုပ်ငန်း အား ယခုလ ကုန်ပိုင်း တွင် ပြီးစီး နိုင်မည် ဖြစ်ပြီး တပ်ဆင်ခြင်း လုပ်ငန်း အား ယခု နှစ်ကုန်ပိုင်း တွင် ပြီးစီး အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ လေ့ကျင့်မှု များ ဆောင်ရွက်ရန် ကျန်ရှိသေးသောကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ တွင် လေကြောင်း ကာကွယ်ရေး စနစ် အား ဘက်စုံ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ က ၂၀၁၇ ခုနှစ် တွင် သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုး ခဲ့ပြီး S-400 လေကြောင်း ကာကွယ်ရေး စနစ် လေးစုံ အား မှာယူခဲ့ကြောင်း ၊ အမေရိကန် နှင့် နေတိုး အဖွဲ့ဝင် နိုင်ငံများ က တူရကီ နိုင်ငံ အား S-400 လေကြောင်း ကာကွယ်ရေး စနစ် မဝယ်ယူရန် အကြိမ်ကြိမ် သတိ ပေးခဲ့ပြီး S-400 စနစ် က ရုရှား နိုင်ငံ မှ အမေရိကန် နှင့် မဟာမိတ် နိုင်ငံ များ ၏ F-35 တိုက်လေယာဉ် များ အား ထောက်လှမ်းရန် အထောက်အကူ ဖြစ်စေသည် ဟု ထုတ်ပြန် ခဲ့ကြကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ နှင့် ချုပ်ဆိုထားသည့် သဘောတူညီချက် အား ခိုင်မြဲစွာ အကောင်အထည် ဖော်ခဲ့ပြီး ပြည်ပ နိုင်ငံများ ဝင်ရောက်စွက်ဖက်ခွင့် မရှိ ဟု ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။(Xinhua)