ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဂျက်ကီချန်းသရုပ်ဆောင်မည့် တရုတ်အက်ရှင်ရုပ်ရှင် ဖြစ်သည့် Vanguard ရုပ်ရှင်ဇာတ်ကားကို တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် တွင်တရုတ်နိုင်ငံ၌စတင် ပြသမည်ဖြစ်ကြောင်း တရုတ်ရုပ်ရှင်ဖြန့်ဖြူးခြင်းနှင့် ပြသခြင်းအဖွဲ့မှသိရသည်။
မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ခရက်စ်နာရက်စ်ခ်ဒေသ ခူရာဂင်စကီးခရိုင်တွင် ရေလှောင်တာတမံပြိုကျမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံမီဒီယာက အောက်တိုဘာ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ချန်းရှ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချန်းရှမြို့ရှိ လူသွားလမ်းမများပေါ်တွင် လျှပ်စစ် သန့်ရှင်းရေး စက်ရုပ် ၇ ရုပ်ကို စမ်းသပ်အသုံးလျှက်ရှိကြောင်းသိရသည်။ ၎င်း စက်ရုပ်များကို Zoomlion Environment Industry Co.,ltd က တီထွင်ထုတ်လုပ်ခြင်းဖြစ်သည်။ စက်ရုပ်များမှာ လျှပ်စစ်သန့်ရှင်းရေးစက်ရုပ်များနှင့် လျှပ်စစ်ဆေးကြောရေးစက်ရုပ်များဖြစ်ကြသည်။ စက်ရုပ်၇ ရုပ်လုံးမှာ...
ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၉၈ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ(CCDAC)က ယနေ့သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၈ ရက်၂၂း၃ဝနာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ...
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် အောက်တိုဘာ ၁၉ ရက်၌ ဖွင့်လှစ်သော ပထမအကြိမ် ချင်းသောင် နိုင်ငံစုံပါဝင်သောထိပ်သီးအစည်းအဝေးသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။