ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မွန်ပြည်နယ်၊ ဘီးလင်း မြို့ပေါ် တွင် ကယ်ဆယ်ရေးစခန်းများ ယနေ့စတင်ဖွင့်လှစ်ပြီး ရေဝင်သည့်နေရာများ တွင်စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုယနေ့ပြောသည်။
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ၁၉၉၈ ခုနှစ်က တရုတ်ရိုးရာပုံပြင်အား အခြေခံကာ “Mulan” အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည့် တရုတ်ဘာသာစကားပြောရုပ်ရှင်နမူနာအား Walt Disney Pictures က ပြသလိုက်ကြောင်း သိရသည်။
ဂျင်နန်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Shandong တက္ကသိုလ် နှင့် စင်ကာပူနိုင်ငံ၏ Nanyang နည်းပညာတက္ကသိုလ်တို့အကြား နိုင်ငံတကာ ဉာဏ်ရည်တုနည်းပညာ(AI) ဆိုင်ရာ သုတေသန စင်တာတစ်ခုကို ပူးတွဲထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာကူ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ယူနက်စကို (UNESCO) ၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ကော်မတီ ၄၄ ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ပြုလုပ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ကော်မတီ ၄၃ ကြိမ်မြောက် အစည်းအဝေး ဥက္ကဋ္ဌ...
ဘာလင် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က ကျေးလက် ပြည်သူလူထု တို့ အရေးပေါ် ကုသမှု ခံယူနိုင်ရန် အတွက် ကျေးလက်ဒေသ ရှိ ဆေးရုံ ၁၂၀ အား ဂျာမနီ အစိုးရ မှ...