Connect with us

Asia

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းအား မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရေး လမ်းဘေးအစားအစာ အရည်အသွေး အဆင့်မြှင့်တင်ရန် တိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လမ်းဘေးစားသောက်ဆိုင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး မြှင့်တင်ရန် အစီအစဉ်အရ လမ်းဘေးအစားအစာ အရည်အသွေး မြှင့်တင်ရန် သြဂုတ်လ ၁၆ ရက်က သန္နိဋ္ဌာန်ချလိုက်ကြောင်း သိရသည်။

ဘန်ကောက်မြို့အပြင်ရှိ ပတ်သွန်မ်သာနီပြည်နယ်တွင် ပြုလုပ်သည့် “သန့်ရှင်းသော အစားအစာ၊ ကောင်းမွန်သည့် အရသာ” ဟူသော စည်းရုံးလှုံ့ဆော်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sathit Pitutecha က လမ်းဘေးပျံကျဈေးသည်များအနေဖြင့် လမ်းပေါ်၌ အစားအသောက်ပြင်ဆင်ရာတွင် အရည်အသွေးနှင့် သန့်ရှင်းမှုကို တိုးတက်စေခြင်းဖြင့် ထိုင်းနိုင်ငံ၏ ထူးခြားသည့် အစားအသောက် ယဉ်ကျေးမှုအား မြှင့်တင်ရန် အခွင့်အလမ်းအဖြစ် မှတ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ ဒေသခံ အစားအသောက်မှာ ဒေသတွင်း သွင်ပြင်လက္ခဏာတွေကို ပြသရာမှာ လမ်းဘေးပျံကျစားသောက်ဆိုင်တွေကို ထောက်ပံ့ပေးသွားမယ်။ ဒါပေမဲ့ ဒီစီမံကိန်းက လမ်းဘေးအစားအသောက်တွေ စနစ်ကျဖို့နဲ့ အရည်အသွေး အဆင့်မြှင့်တင်ဖို့ရာမှာ ပျံကျစားသောက်ဆိုင်တွေက ပူးပေါင်းဆောင်ရွက်မှသာ ရနိုင်မှာပါ” ဟု Sathit က ဆိုသည်။

ထို့ပြင် Sathit ကဆက်၍ ပြည်သူများက လမ်းဘေးအစားအသောက်တွေအပေါ် ပိုမိုအားထားနေကြပြီး ယင်းအလေ့အထက ၎င်းတို့၏ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းဖြစ်လာကြောင်း ပြောခဲ့သည်။၂၀၁၈ ခုနှစ်တွင် လမ်းဘေးစားသောက်ဆိုင် ၉၃၂၆၁ ဆိုင်ရှိခဲ့ရာ အရသာနှင့် သန့်ရှင်းမှုအတွက် ၈၄.၇၂ ရာခိုင်နှုန်းသာ စံနှုန်းများနှင့်ကိုက်ညီခဲ့ကြောင်း စာရင်းအင်းများအရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117