ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Bangladesh Airlines မှလေယာဉ်တစ်စင်း ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ပြေးလမ်းချော်ကာ လေယာဉ်ပျက်စီးမှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လေဆိပ်မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို အတည်ပြုပြောကြားသည်။
နေပြည်တော်၊ မေ ဂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖိန် ရေးသားသည့် “The Governance of China” စာအုပ် ၄၅၆ အုပ်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ...
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်တွင် မေလ ၈ ရက်က ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း၊ ဒေသခံများအကြား ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၈ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoသည် မေ ၇ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရုတ်တရက်ရောက်ရှိလာပြီး အီရတ်ရှိ အမေရိကန်အကျိုးစီးပွားကို အာမခံမှုရရှိစေရန်နှင့် အီရန်၏ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် အီရတ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။