Connect with us

Asia

မြောက်ကိုရီးယား ခေါင်းဆောင်ထံမှ စာရရှိကြောင်း ထရမ့်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) ထံမှ “စိတ်ကျေနပ်ဖွယ်ကောင်းသော” စာတစ်စောင် သြဂုတ်လ လက်ခံရရှိခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်မှ နယူးယောက်ပြည်နယ်သို့ မထွက်ခွာမီ ထရမ့်က ၎င်းအနေဖြင့် သြဂုတ်လ ၈ ရက်က ကင်ထံမှ စာမျက်နှာ ၃ ရွက်ရှိသော “အလွန်စိတ်ကျေနပ်ဖွယ်ကောင်းသောစာ” တစ်စောင် လက်ခံရရှိခဲ့ကြောင်း၊ ယင်းစာထဲ၌ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများအပေါ် ကင်က ကျေနပ်မှုမရှိကြောင်း ဖော်ပြထားကြောင်း ပြောခဲ့သည်။

ထရမ့်က ၎င်းနှင့် ကင်တို့ နောက်ထပ် တွေ့ဆုံမှုရှိနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သော်လည်း နေ့ရက်နှင့် အချိန်အား ထုတ်ဖော်ပြောထားခြင်းမရှိခဲ့ပေ။အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား နျူကလီးယားဖျက်သိမ်းရေးညှိနှိုင်းမှုများမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဖေဖော်ဝါရီလ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့သည့် ထရမ့်နှင့် ကင်၏ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုပြီးကတည်းက ဆိုင်းငံ့ထားခဲ့သည်။

ထို့နောက် ဇွန်လကုန်ပိုင်းတွင် ထရမ့်နှင့် ကင်တို့ ကိုရီးယားနှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း ဆွေးနွေးညှိနှိုင်းမှု အလုပ်သဘောအဆင့်အား ပြန်လည်စတင်ရန် အဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း၊ သို့သော် ပြုလုပ်မည့်နေရာကိုမူ သတ်မှတ်ထားခြင်းမရှိခဲ့ကြောင်း သိရသည်။အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ကလည်း လာမည့်သီတင်းပတ်များအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယာအကြား စေ့စပ်ညှိနှိုင်းမှု ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း သြဂုတ်လ ၇ ရက်တွင် မီဒီယာအား ပြောကြားခဲ့သည်။ (Xinhua)