Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ ရဲချုပ် ကနိုင်ငံအတွင်းရာဇဝတ်မှုများ ကျဆင်းနေကြောင်းပြောကြား

ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့ဝင် အမျိုးသမီးများကိုတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ သြဂုတ်လ ၁၀ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အော်စကာ အယ်လ်ဘာရာလ်ဒီ(Oscar Albayalde) က ဖိလစ်ပိုင်နိုင်ငံတွင်တရားမဝင်မူးယစ်ဆေးဝါးများကို အစိုးရကကောင်းစွာထိန်းချုပ်နိုင်ခြင်းနှင့်အတူ နိုင်ငံအတွင်း ရာဇဝတ်မှုဖြစ်ပွားမှုများကလွန်ခဲ့သည့်နှစ်များအတွင်းကျဆင်းလာသည်ဟု သြဂုတ်လ ၉ ရက်က ၁၁၈ ကြိမ်မြောက်ဖိလစ်ပိုင်ရဲတပ်ဖွဲ့အခမ်းအနားတွင်မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။

ရဲဗိုလ်ချုပ်ကြီး အော်စကာ အယ်လ်ဘာရာလ်ဒီ က ရဲတပ်ဖွဲ့အနေနှင့်တရားမဝင်မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအတွက် စစ်ဆင်ရေးများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ဖိလစ်ပိုင်ရဲတပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုကိုမဆုတ်မနစ်ကြိုးပမ်းခဲ့မှုကြောင့် ရာဇဝတ်မှုဖြစ်ပွားမှုနှုန်းထိရောက်စွာကျ ဆင်းခဲ့ရခြင်းလည်းဖြစ်ကြောင်း၊ ထို့ပြင်လူသတ်မှု၊လူသေစေမှု၊ကိုယ်ထိလက်ရောက်စော်ကားဒဏ်ရာရ ရှိစေမှု၊မုဒိမ်းမှု၊လုယက်မှုနှင့်ခိုးမှု အစရှိသောရာဇဝတ်မှုများကျဆင်းရေးအတွက်လည်းအရှိန်မြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၎င်းကလွန်ခဲ့သောသုံးနှစ်တာကာလအတွင်းရာဇဝတ်မှုဖြစ်ပွားမှုများကဆက်တိုက်ပင်သိသိသာသာကျ ဆင်းလာခဲ့ကြောင်းလည်းပြောခဲ့သည်။၂၀၁၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၆ ခုနှစ၊်ဇွန်လအတွင်းတစ်နိုင်ငံလုံးတွင်ရာဇဝတ်မှု ၆၂၆,၀၀၀ ကျော် ဖြစ်ပွားခဲ့ရာ မှ သမ္မတ ဒူတာတေး တာဝန်ယူအပြီးပထမဆုံးနှစ်ဖြစ်သော၂၀၁၆ ခုနှစ် ဇူလိုင်လမှ ၂၀၁၇ ခုနှစ၊်ဇွန်လ အတွင်း ရာဇဝတ်မှုအရေအတွက် ၅၈,၂၇၆ မှု၊ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းခဲ့သည်။ ဆက်လက်၍ ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၈ ခုနှစ၊်ဇွန်လအတွင်းတွင်လည်းရာဇဝတ်မှုအရေအတွက် ၇၉,၆၄၇ မှု၊ရာခိုင်နှုန်းအားဖြင့် ၁၄ ဒသမ ၀၂ ရာ ခိုင်နှုန်းကျဆင်းခဲ့ပြန်သည်။တစ်ဖန်၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ၊်ဇွန်လအတွင်းတွင်လည်းရာဇဝတ်မှုဖြစ်ပွားမှုရာခိုင်နှုန်း အားဖြင့် ၂ ဒသမ ၉၁ ရာ ခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။(Xinhua)

.