ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဒုံးခွင်းဒုံးစနစ်တစ်ခုကို ဇူလိုင် ၂ ရက်တွင် စမ်းသပ်ခဲ့သည့် ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ စမ်းသပ်မှုမှာ အောင်မြင်ခဲ့ပြီး ပစ်မှတ်ကိုတိကျ မှန်ကန်စွာ ဒုံးကျည်များထိမှန်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)
ရှန်ရှီး၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင်တည်ရှိသည့် ကမ္ဘာ့အထင်ကရ ရှေးဟောင်းမဟာတံတိုင်းကြီး၏ ရှန်ရှီးပြည်နယ်ဘက်အခြမ်း မြင်ကွင်း ကို ကောင်းကင်ပုံရိပ်များဖြင့် ရိုက်ကူးတင်ဆက်ထားသည်။ (Xinhua)
ဘာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ယခုနှစ် နွေရာသီတွင် ၂၅ ကားမြောက် ဂျိန်းစ်ဘွန်း ဇတ်ကားအား အီတလီ နိုင်ငံ ၊ ပတ်လီယာမြို့၌ နှစ်လကြာ ရိုက်ကူးသွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ခွေး သို့မဟုတ် တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံ ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး...
ဘေရွတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံရှိ ရပ်တည်ရန်ခက်ခဲသော နိုင်ငံသားများနှင့် ဆီးရီးယားဒုက္ခသည်များအတွက် ဂျုံစေ့ ၁,၀၆၇ တန်အား ဇူလိုင်လ ၂ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။