Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိ

ရသေ့တောင်မြို့ဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သြဂုတ်လ ၈ ရက်တွင် စိတ်ကြွဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရသေ့တောင်မြို့နယ် နယ်မြေ(၁၁) ရက်ခုံတိုင်ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်း၌ အဝါရောင်ပီနံအိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၂,၄၈၃,၄၅၆ ပြားနှင့် ARAKAN ARMY လက်မောင်းတံဆိပ် ၁ စုံ၊ ရင်ဘတ်တံဆိပ် ၁ ခု၊ လက်ပစ်ဗုံး ၃၆ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး၊ Icom စကားပြောစက် ၅၂ လုံး၊ ရခိုင်ပြည်နယ်တံဆိပ်ပါ ဘေးလွယ်အိတ် ၁ လုံးအား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ သိမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး တရားခံများ တိမ်းရှောင်နေသဖြင့် ဦးစံသာကျော် (ဖမ်းမမိ)အား ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.