Connect with us

Asia

အိန္ဒိယနိုင်ငံတွင် SU-30 တိုက်လေယာဉ်တစ်စီးပျက်ကျ


နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံလေတပ်မှ SU-30 တိုက်လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ဘက် အာသံပြည်နယ်အတွင်း သြဂုတ်လ ၈ ရက် ညပိုင်းက ပျက်ကျခဲ့ကြောင်း အိန္ဒိယလေတပ်က အတည်ပြုပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

တိုက်လေယာဉ်ပေါ်ပါ လေယာဉ်မှူးနှစ်ဦးစလုံးပင် ခုန်ထွက်ကာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြကြောင်း၊ သို့သော် လေယာဉ်မှူးတစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယလေပ်သတင်းအရင်းအမြစ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။SU-30 တိုက်လေယာဉ်က ပုံမှန်လေ့ကျင်မှုပြုလုပ်နေစဉ် ပြည်နယ်အတွင်း မီလန်ပူနယ်မြေ၌ လယ်ကွင်းများပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကာဒေသစံတော်ချိန် ည ၈ နာရီခွဲအချိန်တွင် လေယာဉ်ပျက်မှာ မီးခိုးများထွက်လောင်ကျွမ်းနေကြောင်း သိရသည်။ ဒေသခံများက လေယာဉ်မှူးတစ်ဦးအား လေယာဉ်အပျက်အစီးပုံများအတွင်းမှ ဆွဲထုတ်ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။(Xinhua)