 
                     
                                     
                     
                                     
															 
																													ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ရွှေညောင်မြို့၌ ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲသူ အမျိုးသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
 
															 
																													ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ပါလီမန်သည် ဝန်ကြီးချုပ်အသစ် Adel Abdul Mahdi ၏ အစိုးရအဖွဲ့ဝင် ၂၂ဦး အနက် ၁၄ဦးအား အတည်ပြုပေးပြီးနောက် ၎င်းသည် အီရတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
 
															 
																													ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဟားခါးမြို့ တွင် အမျိုးသား ၃ ဦးထံမှ တစ်လုံးထိုးကျည် ၇၇၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
 
															 
																													လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုဆိပ်ကမ်း ၌ အမေရိကန်အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေး (CBP) အရာရှိများသည် အိုင်ဖုန်းအစိတ်အပိုင်းအတု ၅,၀၀၀နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
 
															 
																													ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် လွယ်ရင်းကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၃ ဧက အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ...