Connect with us

Africa & Middle East

တူနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား စက်တင်ဘာလ ၁၅ ရက်တွင် ကျင်းပမည်

ကွယ်လွန်သွားခဲ့သော တူနီရှားနိုင်ငံ သမ္မတ ဘီဂျီ ကတ် အက်ဆက်ဘ်စီအား တွေ့ရစဉ် (ဆင်ဟွာ)

တူးနစ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့အား စက်တင်ဘာလ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သီးခြားလွတ်လပ်သော အဆင့်မြင့်အာဏာပိုင်အဖွဲ့ (ISIE) က ဇူလိုင်လ ၂၅ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ နေ့ရက်အား ISIE ပြောခွင့်ရပုဂ္ဂိုလ် ဟတ်စ်နာ ဘန် ဆလီမန်း (Hasna Ben Slimane) က ပြည်တွင်းမီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။ISIE က ထိုကြေညာချက်အား တူနီးရှား သမ္မတ ဘီဂျီ ကတ် အက်ဆက်ဘ်စီ (Beji Caid Essebsi) ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ကွယ်လွန်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အောက်တိုဘာလ ၆ ရက်မှာ လုပ်ဖို့စီစဉ်ထားတဲ့ ဥပဒေပြုရွေးကောက်ပွဲကတော့ အပြောင်းအလဲမရှိပါဘူး” ဟု ISIE ဥက္ကဋ္ဌ နာဘီလ် ဘက်ဖ်ဖောင် (Nabil Baffoun) က တရားဝင်ကြေညာချက်တစ်စောင်၌ အတည်ပြု ပြောကြားထားသည်။သမ္မတ အက်ဆက်ဘ်စီ ကွယ်လွန်ပြီး အချိန်အနည်းငယ်အကြာတွင် တူနီးရှား လွှတ်တော်ဥက္ကဋ္ဌ Mohamed Ennaceur ကအချိန်ကာလအားဖြင့် ၄၅ ရက်မှ အများဆုံး ရက် ၉၀ အထိ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ထိုကာလအတွင်း နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သမ္မတရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)