ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဌာနမှူး ဒေါ်သန္တာလှိုင်က ဆင်ဟွာ ကို ယနေ့ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေများဝင်ရောက်လာမှုကြောင့် အခြေခံ ပညာကျောင်း(၉)ကျောင်း ခေတ္တပိတ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရှန်တုံ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာကျော် တွေးခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ် ၏ မွေးရပ်ဇာတိဖြစ်သည့် တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်တုံပြည်နယ် Qufu မြို့တွင် ကွန်ဖြူးရှပ်၏ နှစ်ပေါင်း ၂၅၇ဝ ပြည့်မွေးနေ့အဖြစ် မီးပန်းများ နှင့် ရေပန်းများ ကို လှပစွာဖန်တီး ပြုလုပ်ကာ မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရန် အစမ်းလေ့ကျင့်မှုပြုလုပ်ခဲ့သည့်မြင်ကွင်း...
ထျန်းကျင်း၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းထျန်းကျင်းဆိပ်ကမ်းမှ ဝန်အပြည့်တင်ဆောင်ထားသည့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင် သင်္ဘောကြီးသည် ဥရောပတိုက် အနောက်မြောက်ပိုင်း သို့ ထွက်ခွါလျက်ရှိကြောင်းသိရသည်။ ၎င်းကမ္ဘာ့အကြီးဆုံးကွန်တိန်နာတင်သင်္ဘောကြီးမှာ အရှည် ၃၉၉.၉ မီတာရှိပြီး အကျယ် ၆၁.၅ မီတာ ကျယ်ဝန်းကာ Samsung Heavy Industries မှ...
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ငွေကျပ် ၁၅၄၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။