Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရှိ ကျေးရွာအချို့မှ ကျောင်း ၉ ကျောင်း ခေတ္တပိတ်ထား

ကျောင်းအတွင်းရေဝင်ရောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေများဝင်ရောက်လာမှုကြောင့် အခြေခံ ပညာကျောင်း(၉)ကျောင်း ခေတ္တပိတ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။

ဝိုင်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးများ ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်လာပြီးရပ်ကွက်၊ ကျေးရွာ အချို့ရေများဝင်ရောက်လာမှုကြောင့် ခတ်ချို၊ စန်းကား ကျေးရွာ၊ မန်ဒေါင်ကျေးရွာ၊ နောင်တာလောကျေးရွာ၊ မိုင်းနားကျေးရွာ၊ နောင်ချိန်း ကျေးရွာ၊ဝိုင်းမော်မြို့ပေါ်ရှိ(၁/၃/၄)ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းကစ၍ ရေများ ဝင်ရောက် လျက်ရှိသည်။

မြစ်ရေများဝင်ရောက်လာမှုကြောင့် အဆိုပါ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အ.ထ.က-ခွဲ(စန်းကား)၊ အ.မ.က-၃(စန်းကား)၊ အ.မ.က-၅(စန်းကား)၊ အ.ထ.က-ခွဲ(မန်ဒေါင်)၊ အ.မ.က-၃ (ခတ်ချို)၊ အ.မ.က-၆(ခတ်ချို)၊ အ.မ.က-(မိုင်းမော)၊ အ.မ.က-၁(ဝိုင်းမော်)၊ အ.မ.က-၆(ဝိုင်းမော်) အခြေခံပညာကျောင်း (၉) ကျောင်းအား ယာယီခေတ္တပိတ်ထားလျက် ရှိကြောင်းသိရှိရသည်။ မြစ်ရေများ မြင့်တက်လာမှုကြောင့် ရေဝင်မိသားစုများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ပူးပေါင်း၍ ဝိုင်းမော်မြို့ အ.ထ.က(၂) ကျောင်း နှင့် အောင်ချမ်းသာဘုန်းကြီးကျောင်း၌ ပြောင်းရွှေ့ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.