အန်ကာရာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ နှင့် ရုရှားနိုင်ငံသမ္မတ တို့သည် လာမည့် ဆီးရီးယားဆိုင်ရာ သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ မတ် ၂၇ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ရာထူးနေရာ အတွက် ဦးဝင်းမြင့်အား ရွေးချယ် တင်မြှောက်လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ကြေညာခဲ့သည်။
နေပြည်တော် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်းမြင့်အား ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်သော နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့က ဆန္ဒမဲ အရေအတွက် အများဆုံး ၄၀၃ မဲဖြင့် ရွေးချယ် တင်မြှောက်လိုက်သည်။(Xinhua)
မနီလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ် ရှိ မြို့တစ်မြို့တွင် မတ် ၂၈ ရက်က လမ်းဘေးမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့မြောက်ဘက် လေးမိုင်ခန့်အကွာ ကြာကြီးကွင်းရွာတောင်ဘက်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မတ် ၂၇ ရက်နေ့က ၂၂ ဘီး ဆီဘောက်ဆာတွဲယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။