Connect with us

Politics, Law & Military

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် GDP ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ဆို

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက အမျိုးသားစီမံကိန်း ဥပဒေကြမ်း တင်သွင်းစဉ်။

နေပြည်တော်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

၂၀၁၉- ၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၏ စီးပွားရေး ရည်မှန်းချက်များအရ GDP ၇ ရာခိုင်နှုန်း တိုးတက် ရရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ အမျိုးသားစီမံကိန်း ဥပဒေကြမ်း တင်သွင်းရာတွင် ပြောကြားခဲ့သည်။

“၂၀၁၇ -၁၈ ဘဏ္ဍာနှစ်မှာ GDP တိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရည်မှန်းထားပါတယ်၊ ပုံမှန်ဈေးနှုန်းများအရ လယ်ယာကဏ္ဍ ကြီးမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီးမှာ၈ ဒသမ၆ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှု ကဏ္ဍကြီးမှာ ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်စေဖို့ ခန့်မှန်းထားပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ပုံမှန်ဈေးနှုန်းများအရ ကဏ္ဍကြီးအလိုက် GDP ပါဝင်မှုသည် လယ်ယာကဏ္ဍကြီးတွင် ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍကြီးတွင် ၄၁ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပေါ်စေရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်အကုန်၌ ရှိမည့် ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁၁၉၀၂၃ ဒသမ ၄ ဘီလီယံ ခန့်မှန်းထားရှိကြောင်း၊ နှစ်အလိုက် တန်ဖိုး အရ တစ်ဦးချင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (Par Capita GDP) မှာ ကျပ် ၂၁၈၀၇၅၅ ရရှိဖို့ မျှော်မှန်းထားကြောင်း၊ ၂၀၁၉ – ၂၀ အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံပိုင် အခန်းကဏ္ဍက ကျပ် ၁၀၁၅၄ ဒသမ ၉ ဘီလီယံရှိ နိုင်ကြောင်း၊ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ တင်ပို့ရန်နှင့် သွင်းကုန်ကို အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံ တင်သွင်းဖို့ ရည်မှန်းထားကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.