Connect with us

Asia

ဂျပန်နိုင်ငံ ကျိုတိုမြို့ ရှိ စတူဒီယို သေဆုံးသူများပြားသည့်မီးရှို့တိုက်ခိုက်မှု တွင် လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

ဂျပန်နိုင်ငံ ကျိုတိုမြို့ ရှိ စတူဒီယိုမီးလောင်မှုအားတွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ဘက် ကျိုတိုမြို့ ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခု၏ မီးလောင်ကျွမ်းမှုတွင် လူအသေအပျောက်များပြီး လူ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဒေသခံသတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

ဇူလိုင်၁၈ ရက် ဒေသစံတော်ချိန် နံနက်၁၀း၃၀ နာရီ တွင် နာမည်ကြီးကာတွန်းရုပ်ရှင်ဇာတ်လမ်းတွဲများ နှင့် ဖျော်ဖြေရေးတို့ဖြင့် နာမည်ကြီးလူသိများသည့် ထုတ်လုပ်ရေးဖြစ်သော ကျိုတိုကာတွန်းရုပ်ရှင် ကုမ္ပဏီ၏ သုံးထပ်ရှိသောစတီဒီယိုအဆောက်အအုံ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားနေရာသို့ မီးအရှိန်ပြင်းပြင်းလောင်ကျွမ်းစေရန် ဓာတ်ဆီကဲ့သို့လောင်စာပစ္စည်းကို့ဖျန်းထည့်ခဲ့သော အမျိုးသားတစ်ဦးကိုဖမ်းဆီးထားကြောင်း ဒေသခံရဲတပ်ဖွဲ နှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ ကပြောသည်။ (Xinhua)