ပေကျင်း၊သြဂုတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နှစ်ပေါင်း ၉ဝ ကျော်ကာလအတွင်း ကျဆုံးသွားခဲ့ကြသည့် အာဇာနည်များ နှင့် ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည့် PLA ကိုတည်ထောင်ခဲ့ကြသော တော်လှန်ရေးရဲဘော်များအား သြဂုတ်လ ၁ ရက်တွင် ဦးညွှတ်အလေးပြုခဲ့ကြောင်း သိရသည်။
မက္ကဆီကို စီးတီး၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း ဘာဂျာ ကယ်လီဖိုးနီးယား ပြည်နယ် ရိုစာရီတိုမြို့ ရှိ အရက်ဘားတစ်ခုတွင် ဇူလိုင် ၃၁ ရက် နံနက်အစောပိုင်း၌ လူစီရာနို ရီဗာရာ အမည်ရှိ မက္ကဆီကိုလူမျိုး သတင်းသမားတစ်ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8၏ ကျန်ရှိနေသော လေယာဉ်အစိတ်အပိုင်းများအား ဇူလိုင်လ ၃၁ရက်နေ့ မွန်းလွဲပိုင်းတွင် ထပ်မံရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာအနီးရှိ ရှိမ္မကားသဘာဝတောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။
ပေကျင်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) အပေါ် တရုတ် ကွန်မြူနစ်ပါတီ (CPC) က အပြည့်အဝ ဦးဆောင်ကြောင်း သမ္မတ ရှီကျင့်ဖိန်က သြဂုတ်လ ၁ ရက်က ထပ်လောင်းပြောကြားခဲ့သည်။