Connect with us

Europe

တူရကီ နိုင်ငံက ရုရှား၏ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား လာမည့်နှစ် ဧပြီလတွင် အလုံးစုံ တပ်ဆင်မည်ဟုဆို

S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်၏ အစိတ်အပိုင်းများ တင်ဆောင်လာသော ရုရှား လေယာဉ် အား တွေ့ ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ တေရဖ် အာဒိုဂန်(Tayyip Erdogan)က ရုရှား၏ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၂၀၂၀ ခုနှစ် ဧပြီလတွင် အလုံးစုံ တပ်ဆင်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ Tayyip Erdogan က တူရကီ နိုင်ငံသို့ဒုံးကျည် အစိတ်အပိုင်းများ သယ်ဆောင်လာသည့် လေယာဉ် ၈ စင်းမှာ ယခုအချိန်တွင် ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း နှင့် ကျန်ရှိသည်တို့ကိုလည်း နေရာ ဖြန့်ကျက် ချထားရန် အဆင်သင့် ရှိကြောင်း အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သော အထိမ်းအမှတ် အခမ်းအနား တစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

S-400 လေကြောင်းရန် ကာကွယ်ရေး စနစ် တပ်ဆင်ရေး လုပ်ငန်းများကို စီစဉ်ထားသည့် အတိုင်း စတင်နေပြီ ဖြစ်ကြောင်း နှင့် စနစ်အား ၂၀၂၀ ခုနှစ် ဧပြီလတွင် အလုံးစုံ တပ်ဆင် ပြီးစီးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တူရကီ နိုင်ငံသည် ရုရှား နိုင်ငံမှ S-400 ဒုံးကျည်များကို ဝယ်ယူခဲ့ရာ အမေရိကန် နိုင်ငံ နှင့် တင်းမာမှုများ မြင့်တက် ခဲ့သော်လည်း တူရကီ နိုင်ငံ သမ္မတ Erdogan က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန် ဖြစ်နိုင်ချေရှိသည့် သဘောတူညီမှု နည်းလမ်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။(Xinhua)