Connect with us

Europe

UK ၏ ပေါင် ၅ဝ တန် ငွေစက္ကူသစ်တွင် နာမည်ကျော် ဝှက်စာဖော်ပညာရှင် Turing ဓာတ်ပုံကို ထည့်သွင်းရိုက်နှိပ်

UK၏ အသစ်ထွက်ရှိလာမည့် ပေါင် ၅ဝ တန် ငွေစက္ကူသစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

အသစ်ထွက်ရှိလာမည့် ပေါင် ၅ဝ တန် ငွေစက္ကူသစ်တွင် နာမည်ကျော် ဒုတိယကမ္ဘာစစ် ဝှက်စာဖော်ပညာရှင် အလန်တူရင်း(Alan Turing) ၏ ဓာတ်ပုံကို ထည့်သွင်းရိုက်နှိပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်ဘဏ်က ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သည်။

နောက်ဆုံးထွက်ရှိလာမည့် ပေါင် ၅ဝ တန်ငွေစက္ကူကို ရိုက်နှိပ်ရန် အင်္ဂလန်ဘဏ်သည် ဆွစ်ဇာလန်နိုင်ငံထံမှ စက္ကူ ၊ ပိုလီမာဓာတုဆေးရည်(polymer) စသည့် ပါဝင်ပစ္စည်းများကို မှာယူထားပြီး ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ငွေစက္ကူများကို စတင်အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

ကွန်ပြူတာရှေ့ပြေး ပညာရှင် တူရင်းသည် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်များ စစ်နိုင်စေရန် အလွန်အရေးပါသည့် အလုပ်တစ်ခုဖြစ်သော ဂျာမန်ဝှက်စာများဖော်ပေးသည့် အလုပ်ကို အင်္ဂလန်နိုင်ငံရှိ Bletchley စံအိမ်တော်မှ နေ၍ ကြိုးပမ်း လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။ စစ်အတွင်း ၎င်း၏ လုပ်ငန်းဆောင်တာများ လုပ်ကိုင်ခဲ့ပြီးနောက်တွင် တူရင်းသည် မန်ချက်စတာတက္ကသိုလ်၌ အစောဆုံးကွန်ပြူတာများကို တီထွင်ထုတ်လုပ်ခဲ့သည်။

အင်္ဂလန်ဘဏ်ဥက္ကဋ္ဌ Mark Carney က “ အလန်တူရင်းဟာ သိပ်ကိုထူးချွန်ထက်မြက်တဲ့ သင်္ချာပညာရှင်တစ်ဦးပါ။ ဒီကနေ့ ကျွန်တော်တို့အသက်ရှင်နေထိုင်ဖို့သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုက တစ်စိတ်တစ်ပိုင်း သက်ရောက်မှု ရှိခဲ့ပါတယ်” ဟုဆိုသည်။

“ ကွန်ပြူတာသိပ္ပံပညာ နဲ့ဉာဏ်ရည်တုပညာ(AI) ရဲ့ ဦးဆောင်ဦးရွက် ဖခင်ကြီးတစ်ဦးဖြစ်သလို စစ်သူရဲကောင်းကြီးတစ်ဦးလည်းဖြစ်ပါတယ်။ အလန်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကြောင့် အရာဝတ္ထုများစွာကို ဖော်ထုတ်နိုင်ခဲ့သလို တစ်ချို့အတားအဆီးတွေကိုလည်း ဖောက်ထွက်နိုင်ခဲ့ပါတယ်။ ဒီကနေ့ဖြစ်တည်မှုများစွာကို ပခုံးထမ်းတင်ပေးခဲ့သူကြီး တစ်ဦးပါပဲ” ဟု Carney က ဆိုသည်။

UK၏ ပေါင်ငွေ အကြွေစေ့များအားတွေ့ရစဉ်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံဗဟိုဘဏ်အဆောက်အဦအားတွေ့ရစဉ်(ဆင်ဟွာ)

အင်္ဂလန်ဘဏ်က တူရင်းသည် မျက်မှောက်ခေတ် သိပ္ပံ နှင့် လူမှု အဖွဲ့အစည်း နှစ်ခုစလုံးအတွက် အကျိုးသက်ရောက်မှုများစွာကို ပေးစွမ်းခဲ့သူတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရင်းသည် ၁၉၅၂ ခုနှစ်တွင် လိင်တူဆက်ဆံမှုဆန့်ကျင်ရေး ဥပဒေဖြင့် (ယခုအခါ အင်္ဂလန်နိုင်ငံ၌ ယင်းဥပဒေကို ဖျက်သိမ်းလိုက်ပြီဖြစ်) တရားစွဲဆိုခံရပြီး နောက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။ တူရင်းသည် ၎င်း၏ အသက် ၄၂ နှစ် ပြည့်မွေးနေ့မတိုင်မီ ၁၆ ရက်အလို ၁၉၅၄ ခုနှစ်အတွင်း ၎င်းကိုယ်ကို အဆုံးစီရင်ခံခြင်း ဖြစ်ကြောင်း သိရသည်။ ၁၉၅၂ ခုနှစ်က ချမှတ်ခံရသော ၎င်း၏ ပြစ်ဒဏ်များအတွက် ၂ဝ၁၃ ခုနှစ်တွင် အင်္ဂလန်ဘုရင်မကြီး အယ်လီစဘတ်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ကြွင်းကျန်ရုပ်အလောင်းကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုခဲ့သည်။

ထင်ရှားသော ဗြိတိသျှသိပ္ပံပညာရှင်များတစ်ဦးအနေဖြင့် တူရင်း၏ ရုပ်ပုံကို ပေါင်ငွေစက္ကူပေါ်တွင် ရိုက်နှိပ်သွားရန် အင်္ဂလန်ဘဏ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်ဘဏ်သည် ငွေစက္ကူသစ်ရိုက်နှိပ်ရန် ထင်ရှားကျော်ကြားသော နယ်ပယ်စုံ ၉၈၉ ခုထဲမှ လူပုဂ္ဂိုလ် ၂၂၇,၂၉၉ ဦးကို အမည်စာရင်းတင်သွင်းခဲ့ပြီး ယင်းတို့အနက် နောက်ဆုံးအဆင့် ဆန်ကာတင် ၁၂ ဦးကို ရွေးထုတ်ခဲ့ရာတွင် တူရင်းလည်း တစ်ဦးအပါအဝင် အရွေးခံခဲ့ရခြင်းဖြစ်သည်။ ယင်းဆန်ကာတင်စာရင်းထဲတွင် Mary Anning ၊ Rosalind Franklin ၊ Stephen Hawking နှင့် အခြားထင်ရှားသူများပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.