နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာပါ ကုန်စည်အချို့ အပေါ်တွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်လွတ်ခွင့်ပြုရေး နှင့် ပတ်သက်ပြီး ရွှေစင်၊ ရွှေတုံးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် နှင့် စိန် နှင့် မြတို့အား အထူးကုန်စည်ခွန် ကောက်ခံခြင်းမှ...
မွမ်ဘိုင်း ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ ရဲတပ်ဖွဲ့ က ဇူလိုင်လ ၂၅ ရက်နေ့၌ မွမ်ဘိုင်းမြို့ရှိ လူနေအဆောက်အဦ တစ်ခု ပြိုလဲမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် သေဆုံးသူပေါင်း ၁၂ ဦးရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SMEs) လက်တွေ့ကျကျ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်မည့် မဟာဗျုဟာများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ဆန်ရိက္ခာနှင့် အခြားထောက်ပံ့ ပစ္စည်းများအတွက် စုစုပေါင်း သိန်း၁၇၀၀၀ကျော် ထောက်ပံ့ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် ရေဘေးကြောင့် လူဦးရေ တစ်သိန်းကျော် ရေဘေးသင့်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။