Connect with us

North America

ဟာရီကိန်းမုန်တိုင်း “ဘာရီ” အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်၊ လူပေါင်း ၁ သိန်း ၃သောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေ


ဟူစတန်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ဟာရီကိန်း မုန်တိုင်း “ဘာရီ(Barry)” သည် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်(Louisiana)ကို ဇူလိုင် ၁၃ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေ့နေရကြောင်း သိရသည်။

ပထမအဆင့်ရှိ “ဘာရီ” မုန်တိုင်းသည် ဇူလိုင် ၁၃ ရက် နေ့လည်ပိုင်းက လူဝီစီးယားနားပြည်နယ် အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် အပူပိုင်းမုန်တိုင်းအဖြစ်သို့လျော့ကျသွားကာ မြောက်ဘက်အရှေ့စွန်းစွန်းသို့ တစ်ဖြေးဖြေးရွှေ့လျားသွားကြောင်း အမေရိကန် ဟာရီကိန်းစင်တာ(NHC)၏ သတင်းများက ဆိုသည်။

၂၀၁၉ခုနှစ် ဇူလိုင် ၁၄ ရက် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်၏ မြင်ကွင်းများ (ဆင်ဟွာ)

၂၀၁၉ခုနှစ် ဇူလိုင် ၁၄ ရက် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်၏ မြင်ကွင်းများ (ဆင်ဟွာ)

လူဝီစီးယားနားပြည်နယ်၌ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့် သုံးစရာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ကမ်းရိုးတန်းဒေသ နှစ်ခုနေ ပြည်သူများကိုလည်း ရွှေ့ပြောင်းရန်ညွှန်ကြားထားကြောင်း လျှပ်စစ်ရေးရာဌာန၏ စာရင်းများအရ သိရသည်။

မိုးဇလ၏ကြိုတင်ခန့်မှန်းချက်များအရ နောက်ရက်အနည်းငယ်အတွင်းတွင် “ဘာရီ(Barry)”ကြောင့် လူဝီစီးယားနားပြည်နယ်၊ မစ္စစ္စပီပြည်နယ်(Mississippi) အနောက်ပိုင်းနှင့် အာကန်ဆန်ပြည်နယ် (Arkansan)အရှေ့ပိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းမည် ဖြစ်ကြောင်းသိရသည်။(Xinhua)