Connect with us

Africa & Middle East

ဗြိတိန် နိုင်ငံ ၏ ဖမ်းဆီးခြင်း ခံထားရသော ရေနံတင် သင်္ဘော အား ပြန်လွတ်ပေးရန် အီရန် နိုင်ငံ ထပ်မံ တောင်းဆို

ရေနံတင် သင်္ဘော တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဗြိတိန် နိုင်ငံ ၏ ဖမ်းဆီးခြင်း ခံထားရသော အီရန် နိုင်ငံ မှ ရေနံစိမ်း များ သယ်ဆောင်လာသည့် ရေနံတင် သင်္ဘော အား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဇူလိုင် ၁၂ ရက် ၌ ထပ်မံ တောင်းဆိုခဲ့ကြောင်း အီရန် နိုင်ငံ ပိုင် သတင်း ဌာန ၏ ဖော်ပြချက် အရ သိရှိရသည်။

ထုတ်ပြန်ကြေညာချက် တွင် ဗြိတိန် က ပိတ်ဆို့အရေးယူမှု အား ချိုးဖောက်သည် ဟု အဆိုပြု၍ ရေနံတင် သင်္ဘော အား ဖမ်းဆီးခဲ့ခြင်း သည် တရားမဝင်ပြီး အထောက်အထားမဲ့ ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ ဗြိတိန် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နောက်လိုက်၍ အန္တရာယ် များသည့် ကစားပွဲ မဆင်နွှဲသင့်ကြောင်း ၊ ဗြိတိန် နိုင်ငံ အနေဖြင့် ဘက်စုံ အကျိုးစီးပွား ကို ထည့်သွင်းစဉ်းစားပြီး ဖမ်းဆီး ထားသည့် သင်္ဘော အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ပါဝင် ခဲ့သည်။

ဗြိတိန် နိုင်ငံ က ဇူလိုင်လ ၄ ရက် ၌ Gibraltar အနီး ပင်လယ်ပြင် တွင် ရေနံတင် သင်္ဘော တစ်စင်း အား ဖမ်းဆီး ခဲ့ကြောင်း ၊ အကြောင်းပြချက် အနေဖြင့် ၎င်းသင်္ဘော က အီးယူ မှ ဆီးရီးယား နိုင်ငံ အပေါ် ချမှတ် ထားသည့် ပိတ်ဆို့အရေးယူမှု အား ချိုးဖောက်ပြီး ဆီးရီးယား နိုင်ငံ သို့ ရေနံစိမ်း တင်ပို့ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၊ အဆိုပါ သင်္ဘော က အီရန် နိုင်ငံ မှ ရေနံစိမ်း များ တင်ဆောင်ထားသည့် သင်္ဘော ဖြစ်ကြောင်း သိရှိရသည်။

အချင်း ဖြစ်ပွား ပြီးနောက် အီရန် နိုင်ငံ က ဗြိတိန် နိုင်ငံ အား ကန့်ကွက်ကြောင်း အကြိမ်ကြိမ် ပြောကြား ခဲ့ပြီး ဗြိတိန် နိုင်ငံ မှ ပြန်မလွှတ်ပါ က နောက်ဆက်တွဲ အကျိုးဆက် ခံစားရမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။အမေရိကန် နိုင်ငံ သတင်း မီဒီယာ က အီရန် နိုင်ငံ စစ်သင်္ဘောများ အနေဖြင့် ဇူလိုင် ၁၀ ရက် တွင် Persian ပင်လယ်ကွေ့ ၌ ဗြိတိန် နိုင်ငံ ရေနံတင် သင်္ဘော တစ်စင်း အား ဖမ်းဆီးရန် ကြိုးပမ်း ခဲ့ပြီး ဗြိတိန် စစ်သင်္ဘော ၏ သတိပေးမှုကြောင့် ပြန်လည်ထွက်ခွာသွားသည် ဟု ရေးသားဖော်ပြခဲ့သော်လည်း အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က ယင်းဆောင်ရွက်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ငြင်းဆို ခဲ့သည်။(Xinhua)