ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် တစ်သန်းကျော် ရိုက်နှိပ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်း၍ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံတွင် အောက်တိုဘာ ၂ ရက်က လွှတ်တော်အစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးတွင် အီရတ်နိုင်ငံ Kurdistan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယခင်ဝန်ကြီး ချုပ်ဟောင်း Barham Salihအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
စတော့ဟုမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို လေဆာရူပဗေဒနယ်ပယ်၌ လုပ်ကိုင်နေသည့် သိပ္ပံပညာရှင် ၃ ဦးက ဆွတ်ခူးရရှိသွားကြောင်း Royal Swedish Academy of Sciences က အောက်တိုဘာလ ၂ ရက်တွင် ကြေညာလိုက်သည်။