ကင်ရှာဆာ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(ကွန်ဂို-ကင်ရှာဆာ)တွင် ပြည်တွင်းလေကြောင်း ကုမ္ပဏီ၏ လေယာဉ်ငယ်တစ်စီးသည် ဇူလိုင်လ ၂၇ ရက်နေ့ ညနေ့ပိုင်းက နိုင်ငံ တောင်ပိုင်းတွင် မတော်တဆ ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက ဇူလိုင်လ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများထံ သဘာဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီး လမ်းများ ပိတ်ထားရသဖြင့် Myanmar National Airline မှ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ...
နယူးယောက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က မန်ဟတ်တန်ရှိ ထရမ့်တာဝါတွင် တွေ့ရှိခဲ့သော သံသယဖြစ်ဖွယ် အထုပ်များကို နယူးယောက် ရဲဌာန (NYPD) က စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေကြီးခြင်းကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။