ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်တွင် ငွေကျပ် ၈၃၆၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၁၀,၆၄၇.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ပိတ်ပွဲအခမ်းအနား၌ သတင်းမီဒီယာနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်လာသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် ဧပြီလ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီလ ၂၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံအရှေ့ပိုင်း ကာလ်မူနိုင်း(Kalmunai) မြို့တွင် သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အကြမ်းဖက်သမားဟုသံသယရှိရသူများ ဧပြီလ ၂၆ ရက်ညကတိုက်ပွဲဖြစ်ပွားခဲ့ရာ သေနတ်သမားနှစ် ဦးနှင့် အသေခံဗုံးခွဲသမားများဟု သံသယရှိရသူလေးဦးကို အသေရမိခဲ့ကြောင်း သီရိလင်္ကာစစ်ဖက်က ဧပြီလ ၂၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် နိုင်ငံများအားလုံး လက်တွဲအားထုတ်ကြိုးပမ်းကြရန် ဧပြီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။