ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မာခိုင် (Ma Kai) သည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးကိစ္စ ဆွေးနွေးမည့် One Planet ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီဇင်ဘာလ ၁၂ ရက်တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် အစီးပေါင်း ၇၀အား ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အစိုးရ ကျောင်းများမှ ကျောင်းထွက်နှုန်း မြင့်မားနေရသောအခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးဆောင်ရွက်မှုများ လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဒီဇင်ဘာလ ဒုတိယ ( ၁၀) ရက်ပတ်တွင် ကျဆင်းနိုင်သည့် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။