Connect with us

Latin America

အတိုက်အခံပါတီနှင့်ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဟု ဗင်နီဇွဲလားအစိုးရ ဆို

ဗင်နီဇွဲလားတွင် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၃ က လူစုလူဝေးဖြင့် ဆန္ဒပြမှု ဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ကာရာကပ်စ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံပါတီတို့၏ ပြန်လည်တွေ့ဆုံဆွေးနွေးပွဲကို ကာရီဘီယံကျွန်းနိုင်ငံ ဘာဘေးဒို့စ်တွင် ယခုရက်ပိုင်းများအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား ဗင်နီဇွဲလား နိုင်ငံ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ၎င်း၏လူမှုမီဒီယာမှတစ်ဆင့် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဗင်နီဇွဲလား အစိုးရနှင့် အတိုက်အခံပါတီအကြား နိုင်ငံရေးအကြပ်အတည်းများ ဖြေလျှော့ပြီး သဘောတူညီချက်ရရှိစေရန်၊ ဗင်နီဇွဲလား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကိုက်ညီသော ဖြေရှင်းရန် နည်းလမ်းကို ရှာဖွေရန် နော်ဝေနိုင်ငံမှ ကြားဝင်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

အစိုးရက အတိုက်အခံပါတီနှင့် တွေ့ဆုံဆွေးနွေးလိုသည်မှာ ခိုင်မာပြတ်သားကြောင်း ၊ နိုင်ငံငြိမ်းချမ်းရေးတည်မြဲစေမည့် တွေ့ဆုံညှိနှိုင်းမှုတွင်လည်း ရလဒ်ကောင်းများ ရနိုင်ရန် မျှော်လင့်ကြောင်း Jorge Rodriguezက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

အတိုက်အခံပါတီ လွှတ်တော် ဥက္ကဋ္ဌ ဂျူအန်ဂွိုက်ဒို(Juan Guaido) ကလည်း အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းနေ့အစောပိုင်းကပင် လူမှုမီဒီယာ၌ ဖော်ပြထားသည်။

ဗင်နီဇွဲလား နိုင်ငံသည် ယခုနှစ်တွင် နိုင်ငံရေးအကျပ်အတည်းဆိုက်ကပ်လျက်ရှိသည်။ ဇန်နဝါရီ ၁ ရက်တွင် ဂျူအန်ဂွိုက်ဒို(Juan Guaido)က မိမိကိုယ်ကို ယာယီသမ္မတ ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် အမေရိကန်၊ ဥရောပနှင့်လက်တင်အမေရိကနိုင်ငံအများစုက အသိအမှတ်ပြုခဲ့သည်။ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ရာထူးမှ နုတ်ထွက်စေရန် အမေရိကန်သည် စီးပွားရေးပိတ်စို့မှု၊ သံတမန်ရေး ဖယ်ကျဉ်မှုနှင့် စစ်ရေးခြိမ်းခြောက်မှု စသည့်နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံပါတီအကြား တွေ့ဆုံဆွေးနွေးမှုကို ယခုနှစ် မေလတွင် နော်ဝေ၌ နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရန် သဘောတူညီမှု မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.