ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် Mizoram National Front-MNF ပါတီက မီဇိုရမ်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ပြန်လည်ပြုပြင်စေလို၍ ဆန္ဒပြသသည့်အနေဖြင့် လူနှင့် ယာဉ်ဝင်/ထွက်သွားလာမှုကို စက်တင်ဘာ ၁၄ ရက်က တားမြစ်ပိတ်ပင်ထားခဲ့ရာ စက်တင်ဘာ ၁၅...
ရန်ကုန်၊စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ပြီး တတိယနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံအပစ်ခတ်အတိုက်ခိုက်ရပ်စဲရေးစာချုပ် (NCA)စာချုပ်ချုပ်ဆိုပြီး လုပ်ဆောင်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း ယနေ့ စက်တင်ဘာ ၁၅ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်ပြန်လည်ထူေ ထာင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။
ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး နှင့် ပတ်သက်ပြီးဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam တို့တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။