ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့်ရှာဖွေတွေ့ရှိသော နေရာများသို့ ဒေသခံငါးဖမ်းစက်လှေများက ပိုက်ဖြင့် တရွတ်ဆွဲ ရှာဖွေခြင်းများပြုလုပ်ခဲ့ရာ ပျက်ကျ Y-8 လေယာဉ် ကိုယ်ထည်အလူမီနီယံ အစိတ်အပိုင်းများအား ဇူလိုင် ၁၂ ရက်တွင် ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့ သည် မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှကြေညာချက်ထုတ်ပြန်လိုက်သည်။
ဟောင်ကောင် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Taron မြို့၏ အရှေ့တောင်ဘက် ၄၂ ကီလိုမီတာ အကွာ၌ ဗဟိုပြု၍ ယနေ့(ဇူလိုင်လ ၁၃ ရက်) ဂရင်းနစ်စံတော်ချိန် ၀၃၃၆၁၁ အချိန်တွင် ပြင်းအား ၆.၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာန...
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၌ ချင်းတွင်းမြစ် ရေကြီးရေလျှံ မှုကြောင့် ဇူလိုင် ၁၁ ရက်အထိ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံမျိုးစုံ ၅၉၅ ဧက ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း မြို့နယ် စိုက်ပျိုးမှု ကြီးကြပ်ရေး အဖွဲ့ထံမှ သိရသည်။
ရီယာ့ဒ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန် နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ ဘုရင် Salman bin Abdulaziz Al Saud တို့သည် ဇူလိုင်လ ၁၂ ရက်က တွေ့ဆုံပြီး ကာတာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း AL Arabiya...