ဟာဗားနား ၊ မေ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်ဘက်မှ ရန်လိုမှုကြီးထွားလာခြင်း သော်လည်း ကျူးဘားနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ၏ စီးပွားရေးလည်ပတ်မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံအစိုးရ က မေလ ၁၃ ရက်တွင် အတည်ပြုပြောကြားသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးချုပ် Ms. Ursula Mueller တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ယာဉ် ၆ စီး ဆင့်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နက ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး တကောင်းမြို့ ၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။