Connect with us

Europe

အမေရိကန်-အီရန် တင်းမာမှုကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဂျာမနီဝန်ကြီးချုပ်တိုက်တွန်း

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်(Angela Merkel) အား တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်-အီရန် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel)က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးနည်းလမ်းဖြင့် အမေရိကန်-အီရန် ဆက်ဆံရေးကို ပြေလျော့အောင်ဆောင်ရွက်ရန်မှာ သဘောဆန္ဒတစ်ခုအနေဖြင့်သာရှိမနေသင့်ကြောင့် နိုင်ငံတကာအသိုက်အဝိုင်းအနေဖြင့် အလေးအနက်ထား ဦးတည်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ဂျာမနီနိုင်ငံ အနောက်ပိုင်း Dortmundမြို့တွင် ကျင်းပသည့် အစည်းအဝေးပွဲကို တက်ရောက်စဉ် ပြောကြားခဲ့သည်။

ပါရှန်ပင်လယ်ကွေ့ဒေသ အခြေအနေမှာ လာမည့် ရက်သတ္တပတ်တွင် ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲ၏ ဆွေးနွေးမှုကိစ္စတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ၊ ဂျာမနီအနေဖြင့် နိုင်ငံရေး သို့မဟုတ် သံတမန်ရေးနည်းလမ်းအရဖြေရှင်းရန် ဦးတည်တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ်က ဆိုသည်။

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းပြင်ပတွင် ခွဲခြားတစ်ကိုယ်တည်းနေလိုသည့် နိုင်ငံကို အမည်တပ်ပြောဆိုခြင်းမရှိသေးသော်လည်း နိုင်ငံတကာ အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုပေါ်တွင် မူတည်ရမည်ဖြစ်ကြောင်း ၊ ယုံကြည်မှုကို အခြေခံထားမှုမရှိပါက နိုင်ငံတကာ အရေးကိစ္စများသည်လည်း အောင်မြင်မှု ရရှိမည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

Hormuzရေလက်ကြားအနီး အီရန်လေကြောင်းပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် အမေရိကန် မောင်းသူမဲ့ RQ-4 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC) က ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက်မကြာမီ အမေရိကန်ဘက်မှ လည်း ၎င်းကိစ္စကို အတည်ပြုခဲ့သော်လည်း ဒရုန်းမှာ နိုင်ငံတကာ လေပိုင်နက်အတွင်းမှာသာ ရှိသည်ဟု ဆိုသည်။ ဇွန် ၂၀ ရက် ညပိုင်းတွင် အမေရိကန်စစ်တပ် အီရန်၏ ပစ်မှတ် နေရာ ၃ ခုကို တုန့်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း တိုက်ခိုက်ရေးမလှုပ်ရှားမီ ၁၀ မိနစ်ခန့် အလိုတွင် ရပ်တန့်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.