ဘန်ကောက် ၊ဇူလိုင် ၅ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ရက်က ရာသီဥတုဆိုးရွားသဖြင့် လှေနှစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ည ၈ း၃၀ နာရီအထိ တိမ်းမှောက်ခဲ့သည့် လှေနှစ်စီးပေါ်မှခရီးသည် ၁၃၃ယောက်အနက် အများစုကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုးထားသော အဖွဲ့များကြားတွင် ပစ်ခတ်တိုက်ခိုက်မှု ၈၀ ရာခိုင်နှုန်းထိလျော့ကျလာကြောင်း ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် JMC-U ၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။
ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဇူလိုင်လ ၄ ရက်နေ့ က လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ကောင်းကင်ပြင်၌ လှပစွာ ဂုဏ်ပြုပစ်ဖောက်ခဲ့ရာ ပိုတောမတ်မြစ်ကမ်းတစ်လျှောက် တွင် မီးရှူးမီးပန်းအလှများကို လာရောက်ကြည့်ရှုသူထောင်ပေါင်းများစွာရှိခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် ၁၀စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း...